မင်းသားအမှန် ၊ ငါလျှင်ကြံက
နိုင်ငံရပ်စည် ၊တိုင်းပြည်အတွက်
ကိုယ့်အသက်ကို ၊ရက်စက်စွန့်ခွာ
ကုလားရွာ၌ ၊ခန္ဒာရုပ်ဟောင်း
ဘ၀ပြောင်းခဲ့ ၊ဖြစ်ကြောင်းသံသာ
သတ္တ၀ါတို့ မှန်စွာမချွတ်
သူမသတ်လည်း ၊မလွတ်တစ်ခါ
သေရာအံ့တည်း။
ကမ္ဘာမကြေ ၊သူတို့တွေလည်း
အတည်မစိုး ၊ငါမြေထိုးသော်
အရိုးတစ်ခါ ၊ တွန့်လိမ့်ရာ၏ ။
နောင်သား နောင်လူ ၊ ရခိုင်သူတို့
အယူမပြောင်း ၊ ငါ့လမ်းကြောင်းကို
ကောင်းကောင်းလိုက်နာ ၊တိုင်းဓညာကို
တစ်ခါမုချ ၊ငါတို့ရအံ့
လုံ့လရှေ့သန် ၊လူလျှင်ကြံက
နိဗ္ဒာန်မချွတ် ၊လက်ဝါးခတ်သည်
စွဲမှတ် ဤစာ သေတမ်းတည်း။
1 comment:
Cheng chang shung.I didn't understand chines language but i like it.
www.1milliondesigns.com
Post a Comment