Wednesday, August 19, 2009

ရက္ခမာန








ရက္ခမာန
လောကနီဝန်း






ရိုးမမှာထွန်းလင်းတောက်ပ
မျိုးမာန်မာန ဇွဲလုံးလ၀ိရိယ
မလျှော့ကြိုးကြံ စိတ်ထက်သန်ကေ
အမှန်ရမည် ရခိုင်ပြည် --။

လွတ်မည်ဒုက္ခ ကျွန်ဘဝ
စုကြရုံးကြ ကြိုးစားကြလျှင်
ဤတွင်သာဓက အဖရခိုင်ပြည်
ပြန်ထပ်တည် --။

ခိုင်မြသိန်း (ချောင်းသာကြီး)
ဂျူလိုင်လ ၃ ရက်၊ ၂၀၀၆
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

မိုးမျှော်တမ်း လွမ်းခြင်း


တက်သီးတချက်
ပြင်းပြင်းခေါက်လိုက်မိသည် --။

ရင်ထဲမှာ မကျေနပ်ချက်တိ မွန်းကျပ်
အသက်လျှူမ၀ --။

လက်သီးကို နနောင်းဆုပ်
အကြောင်းမဲ့ ကြမ်းပြင်ကို ထုလိုက်မိရေ --။

ပါးစိကို တင်းတင်းကိုက်ထား
မိတ်ရိုးများ ကားထွက်လာ၏ --။

ဂေါင်းထဲမှာ ထိုအတွေး ဒေအတွေး
အတွေးပေါင်းများစွာ ယောက်ယက်ခတ်
ချုပ်ထွီးလျှက်ဟိရေ --။

မျက်စိကို စစိမှိတ်
ထွက်သက်ကို နခေါင်းထဲက
မှုတ်ထုတ်ပစ်လိုက်တေ --။

ဒေါသအငွေ့ကြောင့်
ထွက်လီ၏အပူရသ
ကြောင်းလို့ ခံစားလိုက်ရရေ --။

နားဂျီနှစ်ဖက်က
စမုတ်ကြောများ ထောင်တက်တင်းမာ
သံချောင်းများ ပမာ --။

ကုတ်ထားသည်မျက်မှုန်
ရှုန့်တက်လာရေ တွန့်ကြောင်း
အပေါင်းများစွာ --။

ခံစားချက်များ ပြင်းထန်
အောင့်အည်း သည်းမခံနိုင်ရေ အဆုံး
မချိပြုံ့ ပြုံ့လိုက်မိသည် --။

(၂)
နီရာတကာ မသမာမှုတိကြီးစိုး
ကကောင်း အရုပ်ဆိုး၏ --။

ဒုက္ခကို ဂြင့်ခါးသီးပိုင်
ချိုမြိန်စွာ စွဲလမ်း
တမ်းတမ်းတတ လောဘရမက်
သက်ပြင်းချရ အခါခါ --။

မကောင်းမှုကို ချိုမြိန်စွာ သောက်သုံး
ယစ်မှုးနီကတ်သူများ
ဝင်းကြွားမင်းမူ အောင်လံထူလျှက် --။

အဆိုးအညှက် အမှိုက်သရိုက်တိကို
တိုက်စားပစ်ဖို့
တော်လှန်ရေးမြစ်ရီခမ်းခြောက်
မျက်တွင်းဟောက်ပက် လူမမာ --။

နာရီစက်ဝန်း မိနစ်စက္ကန့်ရို့သည်
အခိုက်အတန့်လိုက် ကုန်ဆုံး
နီလုံးညိုညို ညရိပ်ခို --။

အတ္တ အတ္တ
အတ္တ အမှောက်ထု တွင်းနက်အောက်
တယောက်ပြီးတယောက်
ဒိုးယိုပေါက် တောက်လျှောက်ကြီးဆင်း
ခွာသံပြင်းပြင်း --။

နောက်ကျိကျိ အမှောင်အတိပြီးသော
ငရဲအိုင်ကြီးထဲက
လွတ်လမ်းမဲ့ ငါးချေတိပိုင်
ကျုပ်ပုတ်ရည် ညစ်ညမ်းသည်ရာ
အသက်ရှင်ရာလား လွတ်မြောက်ရာလား --။

အရောင်နှမ်းနှမ်း မွဲခြောက်ခြောက်
လိုင်တံတို ပျိုင်းအိုတချို့ကလည်း
ပွက်သည့်ငါးကို အလိုက်ချောင်း
အကြောင်းအားလျှော်စွာ --။

ဘုရားသခင် ဖန်တီးထားသည့်
ဤကမ္ဘာမြီကြီးသည်ကား
ဒုက္ခအတိမွှမ်း ဆိုးသွမ်းလှပါဘိတကား --။.

ပူလောင်ထန်ပြင်း
ဆင်းရဲလှပါတကား --။

အပူမီးများချုပ်ငြိမ်း
အီးချမ်းသော အနာဂါတ် မိုးထက်ကောင်းခင်
စက္ကြာဝဠာတခွင်လုံး
လှပသာယာ ကြည်လင်လာဖို့
ရတနာမိုး ပေါက္ခရ၀ဿမိုး
ထိန့်ကြိုးရွာသွန်း လောင်းဖြန်းပီးပါဖိလော့ --။

(သာလှဦး)
29/5/2000

အော်.....ရခိုင်သားရို. ဇာလုပ်နီဂတ်လဲ ထဂတ်ဖီဗလ မိုးလင်းနီယာ


အဖရခိုင်ပြည်မှဟိရေ..ရခိုင်သားအပေါင်းရို. ဂနီ.အချိန်အမှာ ကိုရို. ရခိုင်ပြည်ရေ...သူတပါးလက်ကို(အောက်သားxဗမာ)လက်အောက်ကိုကျရောက်နီရေ......ယင်းပိုင်ကျရောက်နီစော်ကိုလက်ပိုက်ကြည်မတီဂတ်ပါဂေ......
အရင်ဆုံး ပြန်လုဂတ်ရဖို........ယင်းပိုင်ရာပြန်မလုဆိုခဂေ.....နောက်အနာဂတ်မှာ.....ရခိုင်စကား ၊စာ လူမျိုးဘာသာစားတိစော်အားလုံးပျောက်လာဘာဖို..........အများအားဖြင်.ပြည်တွင်းထဲမှာနိထိုင်ဂတ်ရေရခိုင်သားကိုပြောချင်ဘာရေ
(အ.အ.ဖxဗမာကိုဒေးယာအလုပ်အကျွေးမပြုဂတ်ဘာဂေ..............ရခိုင်ပြည်လုပ်သား
(ခိုင်လင်းထွဏ်းxArakan Liberation Party)

ဇာကိုလားလို့ ဖြေရမည်



ဆီးနှင်းစိုစို ပြာသိုလည်းလွန်
လက်ပံပွင့်ဖူး ရာသီပြောင်း၍
တပေါင်းကူးသော် --။

ဝမ်းနူးစဖွယ် တောမြိုင်လယ်မှာ
တွန်မြည်ယင့်ယင့် ရင်ကိုဖွင့်လျှက်
ပင်မြင့်ထိပ်ချာ ကိုင်းအညှာမှာ
နားကာလှမ်းထောက် မြကန်သာကို
ဝဲလာရောက်ကာ ရီသောက်လာသော
ဥသြရွယ်ပျို သာခြင်းဆိုကေ
ဇာကိုလားလို့ဖြေရမည် --။

တောင်ကမူမှာ ဂူလည်းပြိုပျက်
နွယ်မြက်ဆောင်းဆောင်း တရောင်းရောင်းဖြင့်
ရှိဟောင်းဘုရား ဥက္ခောင်းကျိုးမှာ
ဂြိုးညိုနားကေ ဇာကိုလားလို့ဖြေရမည် --။

ညောင်ကြပ်မြီမျို ဇာတီအိုလည်း
ပြိုပျက်ယိုယွင်း ကိုးကွယ်သူလေ
လူသျှင်ကင်းလို့ သတင်းနီဝင်
လပပြင်မှာ ဟင်းလင်းမြင်ကေ
ဇာကိုလားလို့ဖြေရမည် --။

(သာလှဦး)

(အများနားလည်အောင် မြန်မာမှုပြုခြင်း လုံးဝသည်းခံပါ)

ဗိုလ်ရာဇာ အားဂုဏ်ပြုပါသည်။


တိမ်တိုက် မိုးသားကောင်းခင်
ချိန်ကိုက် လှိုင်းဂယက်ရင်ခွင်
သမုဒ္ဒရာ သွီးသောင်ပြင်ထက်
တခန်းရပ် ဇနက္ကဇာတ်စင် သွီးမုန်တိုင်းဆင် --။

ခိုင်မြသိန်း (ချောင်းသာကြီး)
ဂျွန်လ ၆ ရက်၊ ၂၀၀၄
အန္ဒမာန်ကျွန်း၌ကျဆုံးခရသော ဗိုလ်ရာဇာနှင့်တိုက်ပွဲဝင်သူရဲကောင်ရို့အား အေကဗျာဖြင့်ဂုဏ်ပြုလိုက်ပါသည်။

ကြီးသူဖင် ငယ်သူဝင် ၊ ငယ်သူဖင် ကြီးသူဝင်



ဖားပြုတ်ကေတကောင်၊ အုံးဘောင်စီးလျှက်၊ ဖြားရီတက်တွင်၊ ချောင်းကိုဝင်၍လာလတ္တံ။ ထိုရောအခါ၊ ချောင်းကမ်းသာတွင်၊ ပြားဇီးပင်တကိုင်းတွင်နားလျှက်၊ ပန်ဇင်းငှက်က၊ ခင်ပွန်းမိတ်ဆွေ၊ ဖားပြုတ်ကေ၊ ဇာပြည်ဇာရွာ၊ ဇာကလာဟု၊ သေချာစစ်စစ်မိန်းလတ္တံ။ ပန်ဇင်းမိန်းလေ၊ ဖားပြုတ်ကေက၊ တိုင်းပြည်မြို့ရွာ၊ လှည့်လို့လာဟု ဖြေလတ္တံ။

ထိုသို့ဖြေခါ၊ တိုင်းပြည်မြို့ရွာ၊ ကြားခပါသည်၊ ပဇာသတင်းထူးသနည်းဟု မိန်းလတ္တံ။ ထိုသို့မိန်းခါ၊ ဖြေသည်မှာကား၊ သမုဒ္ဒရာ၊ သီတာရီမြီ၊ မိုးလီမုန်တိုင်း၊ အုံမှိုင်းမှိုင်းနှင့်၊ တော်လဲပဲ့တင်၊ ငလျှင်မြီကြီးလှုပ်လတ္တံ။ ထိုသို့လှုပ်ခါ၊ ကျွန်းဒီပါမှာ၊ ကမ္ဘာကျောက်ကြီးကွဲလတ္တံ။ ထိုသို့ကွဲခါ၊ တွင်းမှာမြောက်တောင့်၊ ခုနှစ်တောင့်လည်းကျိုးလတ္တံ။ လူလည်းလေးစု ကွဲလတ္တံ။

ထိုသို့ဖြေခါ၊ ပန်ဇင်းငှက်ကမိန်းပြန်သည်မှာ၊ အိုအိုမိတ်ဆွေ၊ ဖားပြုတ်ကေ၊ အကယ်စင်စစ်၊ ထိုသို့ဖြစ်မူ၊ ငရို့သူငါ၊ ပဇာပြုလုပ်ရမည်နည်းဟု မိန်းလတ္တံ။ ထိုသို့မိန်းခါ၊ ဖားပြုတ်ကေက၊ အိုအိုမိတ်ဆွေ၊ ပန်ဇင်းငယ်၊ အကယ်စင်စစ်၊ ထိုသို့ဖြစ်မူ၊ ကြီးသူဝမ်းခေါင်း၊ ငယ်သူအောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာအင်ကိုမြင်လိမ္မည်ဟု ဖြေလတ္တံ။ ထိုရောခါဝယ်၊ ပန်ဇင်းငယ်က၊ ကြောက်ဘွယ်စရာ၊ ကြားရပါသည်၊ ညခါတိုင်ပြီး၊ ကြောက်အားကြီး၍၊ ငှက်ကြီးရောင်းရင်၊ အိပ်ရာတွင်၌၊ ၀မ်းတွင်းဝင်မည်ကြံလတ္တံ။

ကြံစည်ထိုခါ၊ ပြုသောခါတွင်၊ ရောင်းရင်ငှက်ကြီး၊ လန့်အားကြီး၍၊ သံကြီးကျော်ကျော်အော်လတ္တံ။ သံကြီးကျော်ကျော်၊ မြည်ဟစ်အော်က၊ မျောက်ကျော်မက္ကဋ၊ နီထသစ်ပင်၊ သပြုပင်၌၊ လက်တွင်ကိုင်ပြီး၊ သပြုသီးကို၊ စားမည်ပြုထ၊ လန့်ကြောက်လှ၍၊ လက်မှလွတ်သော်၊ အောက်တွင်နီထ၊ တောဆတ်မ၏၊ နောက်ကုန်းပေါ်တွင်ကျလတ္တံ။

ထိုသို့ကျလျှင်၊ နာကြင်လန့်ကြောက်၊ ခြီစုံပေါက်၍၊ လားမြောက်ပြီးခုန်၊ နွယ်ခြုံပေါင်းမြက်၊ တောကြက်သာယာ၊ ဥပေါက်ခါဖြင့်၊ နီရာသိုက်မြုံ၊ ပြစ်ပြစ်ကုန်အောင်၊ နင်းတုံဖြိုဖျက်၊ ထောင်းထောင်းညက်၍၊ တောကြက်မမှာ၊ စိတ်ပူဆာ၍၊ လမ်းမှတွိဆုံ၊ တောခြအုံကို၊ ပြစ်ပြစ်ကုန်က၊ ပြိုတုံခြပေါင်း၊ ထောင်သောင်းမက၊ တောဝက်မ၏၊၊ ၀ပ်ထနီရာ၊ ရောက်လီပါသော်၊ ၀မ်းမှာရင်ဖတ်၊ မလွတ်နို့သီး၊ ခြကြီးခြငယ်၊ ကိုက်လေကုန်က၊ ပြီးတုံလူးလာ၊ ၀က်မမှာလည်း၊ နာကြင်အီးလတ်၊ ပြီးမလွတ်သော်၊ ဆာမွတ်ဝမ်းစာ၊ တောင်ယာလုပ်ရင်း၊ စပါးခင်းကို၊ ၀င်၍ထိုခါစားလတ္တံ။

ဝင်၍စားကာ၊ နီတုံပါက၊ ယာတွင်ထွင်လုပ်၊ ငမဲတုတ်လျှင်၊ တွိလီမြင်သော်၊ ယာသျှင်တသီး၊ ယာသူကြီးကို၊ အပြီးတိုင်ကြားပြောလတ္တံ။ အပြီးတိုင်မြောက်၊ ငမဲတုတ်ရောက်က၊ ငမဲတုတ်ကျာ၊ ယာကလာကေ၊ ယာမှာစပါး၊ မှည့်ဗျာလားဟု မိန်းလတ္တံ။ မိန်းငြားသောခါ၊ မဲတုတ်ကျာက၊ မှည့်ကားမှည့်ယက်၊ အစပတ်လည်၊ မျောက်ဖျက်တေ၊ အလယ်တရိုး၊ ၀က်ငယ်တိုးဟု ပြောလီသောခါ၊ တောင်ယာပိုင်နင်း၊ သူကြီးမင်းက၊ ချက်ချင်းမကြာ၊ ယာမှာစားလျှက်၊ ထိုဝက်မကို၊ ဖမ်းရယူခီ၊ လားကတ်လီဟု စီလတ္တံ။

ဖမ်းရယူခီ၊ လားကတ်လီက၊ ယာတွင်ထွင်လုပ်၊ ငမဲတုတ်က၊ သုတ်သုတ်ပြန်လာ၊ ယာမှာစားထ၊ တောဝက်မကို၊ ကြော့ကွင်းထောင်လျှက်၊ လက်ရဖမ်းယူ၊ ယာမူပိုင်နင်း၊ သူကြီးမင်းကို၊ လျှင်မြန်မနှေးပီးလတ္တံ။

ပီးအပ်လီကေ၊ လုပ်ထွေကိုင်ခင်း၊ ယာပိုင်မင်းက၊ တောတွင်းနီထ၊ တောဝက်မကို၊ ငါသာပိုင်နင်း၊ စပါးခင်းကို၊ ပဇာတွက်ကြောင့်၊ စားသနည်းဟု မိန်းလတ္တံ။ မိန်းလီသောခါ၊ ဘာသာဘာဝ၊ ကျွန်ဝက်မသည်၊ အိပ်ထနီရာ၊ ခြများစွာလျှင်၊ ရောက်လာဆိတ်ဆွ၊ ကိုက်ခဲကြ၍၊ ပြီးထယှောင်ခွာ၊ မလွတ်သာကေ၊ ရောက်ရာရောက်မိ၊ ဟိစီဘိဟု၊ ပြီးလီသောခါ၊ လမ်းမှာတွိပြီး၊ တောမျောက်ထီးက၊ အဆွေဝက်မ၊ ပဇာကြောင်းကြောင့်၊ ပြီးသနည်းဟု မိန်းသောကာလ၊ ကျွန်ဝက်မမှာ၊ ခြကိုက်ပါသည်၊ ပြောလီသောခါ၊ တောင်ယာလုပ်ခင်း၊ စပါးခင်းကို၊ ၀င်၍တလီ၊ စားပါခီဟု၊ ဆိုခြင်းပြုက၊ မချိခန္ဓာ၊ နွမ်းရိပါ၍၊ ၀မ်းမှာဆာမွတ်၊ တွိလတ်အစာ၊ စပါးယာကို၊ ၀င်ကာမသွေ၊ စားမိသည်ဟု ဖြေလတ္တံ။

ဖြေဆိုတုံက၊ စစ်ချက်ရ၍၊ ခြမကိုခေါ်၊ မိန့်ဆိုအာဏာ ပီးလတ္တံ။ ပီးလီသောခါ၊ မကြာခဏ၊ တောခြမနှင့်၊ များလှခြပေါင်း၊ ထောင်းသောင်းမက၊ ရောက်လာကြ၍၊ စစ်မမိန်းခါ၊ ကျွန်မမှာလျှင်၊ များစွာစုပုံ၊ ခြသိုက်အုံကို၊ အကုန်ဖြိုဖျက်၊ တောကြက်ယက်၍၊ ပျက်လီထောင်သောင်း၊ ခြအပေါင်းရို့၊ နီဖို့နေရာ၊ မဟိပါ၍၊ လားလာကုန်က၊ တောဝက်မ၏၊ အိပ်ထနီရာ၊ ရောက်လီပါ၍၊ ကိုက်ရသည်သာ၊ ဖြစ်ပါသည်ဟု ဆိုလတ္တံ။

မှန်ရာကိုပင်၊ စစ်တန်းဝင်၍၊ သို့စင်ဖြစ်ထ၊ တောဝက်မကို၊ အရခေါ်ခီ၊ အပြင်းစီက၊ တောနီကြက်မ၊ ခေါ်ထလာရောက်၊ ရှိတော်မှောက်သို့၊ ရောက်လတ္တံ။ ရှိမှောက်မသွေ၊ ရောက်တုံပေက၊ ဟေတောကြက်မ၊ ခြများနီရာ၊ အုံကိုသာလျှင်၊ ပဇာကြောင်းကြောင့်၊ ယက်သနည်းဟု မိန်းလတ္တံ။ မိန်းလီသောခါ၊ တောမှာနီထ၊ တောကြက်မက၊ ကျွန်မမှန်စွာ၊ ကြက်ဘာသာဖြင့်၊ သိုက်မှာဥပေါက်၊ ဥများမြောက်ကို၊ စောင့်ယှောက်နီရာ၊ ဆတ်မလာ၍၊ မညှာမထောက်၊ ခြီကျောက်ကန်လန်၊ မှောက်လှန်အသိုက်၊ ဖျက်ဆီးပစ်က၊ ကျွန်ကြက်မမှာ၊ စိတ်ကပူဆာ၊ မနီသာကေ၊ လားလာတွိကြုံ၊ တောခြအုံကို၊ အကုန်ပြစ်ပြစ်၊ ယက်ဖြိုပစ်ဟု ဖြေလတ္တံ။ ထိုသို့ဖြေခါ၊ တောဆတ်မကို၊ အရဖမ်းခီ၊ ဆင့်လီအာဏာ၊ စီသောခါလျှင်၊ မကြာခဏ၊ တောဆတ်မလျှင်၊ ရှိတော်ပြင်သို့ ရောက်လတ္တံ။

ရောက်လီသောခါ၊ မိန်းစစ်ရာတွင်၊ အသင်ဆတ်မ၊ ပဇာကြောင်းကြောင့်၊ ကြက်မနီတုံ၊ ဥသိုက်မြုံကို၊ အကုန်ပြစ်ပြစ်၊ နင်း၍ပစ်သည်၊ ဖြေရမည်ဟု ဆိုလတ္တံ။ ဆိုလီသောခါ၊ ဆတ်ရို့ဘာသာ၊ ညအခါတွင်၊ တောမှာပေါက်ရောက်၊ ကြီးမြောက်သစ်ပင်၊ သပြုပင်အောက်၊ အိပ်မည်ဟုပင်၊ နီလီကျင်သော်၊ သစ်ပင်ထက်က၊ မက္ကဋဟု၊ မျောက်ကနီပြီး၊၊ သပြုသီးနှင့်၊ အပြီးထိုခါ၊ ချပစ်ပါသော်၊ ကျွန်တော်မ၏၊ ကျောက်သားနောက်ကုန်း၊ ဘုံးဘုံးကျရာ၊ လန့်ကြောက်ကာဖြင့်၊ ပြီးလာခုန်ထွက်၊ တောကြက်သိုက်မြုံ၊ နင်းမိတုံက၊ ပျက်စီးရသည်၊ ဒေါသစိတ်ထွက်၊ နင်းဖျက်သည်သာ၊ မဟုတ်ပါဟု၊ ကြောင်းရာစကားပြောလတ္တံ။ ပြောငြားလီက၊ မက္ကဋကို၊ အရရှိတော်၊ ခေါ်ရမည်ဟု၊ အပြင်းတခါ စီလတ္တံ။

မျောက်ကိုတဖန်၊ ခေါ်ခီပြန်က၊ မိန်းမြန်းစစ်ချက်၊ မျောက်ဆိုချက်မှာ၊ ကျွန်တော့်ဘာသာ၊ ညဥ့်အခါတွင်၊ သပြုပင်၌၊ ကိုင်တွင်နီပြီး၊ သပြုသီးကို၊ စားမည်ပြုခါ၊ နီလီပါသော်၊ သံဝါကြီးလှ၊ ရောင်းရင်မက၊ လန့်ကြောက်စရာ၊ ဟစ်အော်ပါက၊ လန့်ကြောက်လှ၍၊ လက်မှာကိုင်ပြီး၊ သပြုသီးလျှင်၊ လက်မှလွတ်ကာ၊ ကျလီပါက၊ နာကြင်ရ၏၊ ဒေါသစိတ်ထွက်၊ ရည်ရွယ်ချက်ကား၊ မဟုတ်ပါဟု ဆိုလတ္တံ။

ထိုသို့ဆိုခါ၊ တောင်ယာပိုင်သျှင်၊ ယာသခင်က၊ သံလျှင်ကြီးလှ၊ ရောင်းရင်မကို၊ အရခေါ်ခီ၊ စီလတ္တံ။ ထိုသို့စီခါ၊ သံဝါကြီးလှ၊ ရောင်းရင်မလည်း၊ ယာသျှင်ရှိမှောက် ရောက်လတ္တံ။ ထိုသို့ရောက်ခါ၊ မိန်းစစ်ရာတွင်၊ သင်ရောင်းရင်မ၊ ကြီးလှအသံ၊ တောလုံးညံအောင်၊ ပဇာဖြစ်၍၊ အော်သနည်းဟု မိန်းလတ္တံ။

ထိုသို့မိန်းခါ၊ သံဝါကြီးထ၊ ရောင်းရင်မက၊ ငှက်ရို့ဘာသာ၊ သစ်ပင်ထက်မှာ၊ အိပ်ပျော်နီဆိုက်၊ ထိုအခိုက်တွင်၊ ငှက်ငယ်ပန်ဇင်း၊ ကျွန့်ဝမ်းတွင်းသို့၊ ၀င်မည်ဟုပင်၊ ပြုပျင်သောခါ၊ ကြောက်လန့်စွာဖြင့်၊ အော်ရပါသည်၊ သတ္တ၀ါများမြောင်၊ ကြောက်လန့်အောင်ဟု၊ ကြံဆောင်ခြင်းကား၊ မဟုတ်ပါဟု ဆိုလတ္တံ။

ထိုသောခါဝယ်၊ ပန်ဇင်းငယ်ကို၊ ရှိတော်မှောက်သို့၊ အရောက်ထိုခါ၊ ခေါ်လတ္တံ။ ယာသျှင်ရှိမှောက်၊ ပန်ဇင်းရောက်က၊ သင်ပန်ဇင်း၊ ငှက်ရို့ဘာသာ၊ မဟုတ်ပါဘဲ၊ သံဝါကြီးထ၊ ရောင်းရင်မ၏၊ ၀မ်းတွင်းကိုသာ၊ ၀င်ဖို့ရှာသည်၊ ပဇာကြောင်းရင်း၊ ဟိသနည်းဟု မိန်းလတ္တံ။

မိန်းလီသောခါ၊ ဖြေသည်မှာကား၊ ကျွန်တော့်ဘာသာ၊ ချောင်းသာမြစ်နား၊ ဇီးကိုင်းဖျားတွင်၊ နီပါသောခါ၊ ကျွန့်မှာမိတ်ဆွေ၊ ဖားပြုတ်ကေက၊ ဖြားရီတက်မှာ၊ အုံးဘောင်စီးလျှက်၊ ၀င်၍လာကေ၊ အဆွေဖားပြုတ်၊ ဇာပြည်ဇာရွာ၊ ဇာကလာကေ၊ ဇာဇာသတင်း၊ ထူးသနည်းဟု၊ မိန်းလီသောခါ၊ ကျွန်တော့်မိတ်ဆွေ၊ ဖားပြုတ်ကေက၊ သမုဒ္ဒရာ၊ သီတာရီမြီ၊ မိုးလီမုန်တိုင်း၊ အုံးမှိုင်းမှိုင်းနှင့်၊ တော်လဲပဲ့တင်၊ ငလျှင်မြီကြီးလှုပ်လိမ္မည်၊၊ ထိုသို့လှုပ်ခါ၊ ကျွန်းဒီပါမှာ၊ တွင်းမှာမြောက်တောင့်၊ ခုနှစ်တောင့်လည်း၊ ကျိုးလိမ္မည်၊၊ လူလည်းလေးစု၊ ကွဲလိမ္မည်၊၊ ကြီးသူဝမ်းခေါင်း၊ ငယ်သူအောင်း၊ တကြောင်းထိုတွင်၊ ချမ်းသာအင်ကို၊ မြင်လိမ္မည်ဟု၊ ပြောလီသောခါ၊ ကြောက်သည်အားနှင့်၊ ကြီးသူရှာကေ၊ ရောင်းရင်ဝမ်းသို့၊ ၀င်ဖို့အမှန်၊ ကြံပါသည်ဟု ဆိုလတ္တံ။

ထိုသို့ဆိုခါ၊ ယာကိုစိုးနင်း၊ ယာပိုင်မင်းက၊ ဖားပြုတ်မိုက်ကို၊ ခေါ်ရမည်ဟု စီလတ္တံ။ စီလီသောခါ၊ ဖားပြုတ်ထံသို့၊ တမန်ထိုခါ လားလတ္တံ။ တမန်ရောက်လစ်၊ ဖားပြုတ်မိုက်က၊ ထိုကိုယောင်ယောင်၊ ဒေယောင်ယာင်နှင့် နီလတ္တံ။

ထပ်ခါထပ်ခါ၊ ခေါ်များလာ၍၊ မနီသာကေ၊ ခုန်ကာစိုက်စိုက်၊ လိုက်၍လည်းလာ၊ ရှိမှာရောက်၍၊ စစ်မိန်းပါကေ၊ မာယာပရိယာယ်၊ လွန်ဆန်းကြယ်၍၊ ရယ်ဘွယ်စရာ၊ ပြုသည်မှာကား၊ ခြီလက်ပြောင်းပြန်၊ မျက်ဆံသီသုတ်၊ ဖားပြုတ်ကေမှာ၊ လျှာကိုထုတ်လို့၊ သီရုပ်ပျင်ကာ၊ အဖြာဖြာနှင့်၊ မာယာပရိယာယ်၊ ညာဏ်ဆန်းကြယ်စွာ၊ ပြလီသောခါ၊ ယာကြီးသခင်၊ စပါးသျှင်က၊ အမြင်ကတ်ကေ၊ ဖားပြုတ်ကေကို၊ လိမ်လည်ပြောမှု၊ ကျောက်နှင့်ထုဟု၊ ပီးသည့်အာဏာ၊ လက်မရွန့်ရို့၊ ထုပြန်ပါကေ၊ ကျောက်နှင့်ထုယင့်၊ ဖားပြုတ်ကေမှာ၊ ကြောတက်ယင့်လည်း တက်လတ္တံ။

ထိုသည်အခါ၊ ပါးစခံတွင်း၊ ဖားပြုတ်ကေမှာ၊ သွီးဖျင်းဖျင်းနှင့်၊ ခုန်ကာခုန်ကာ၊ လားလီပါကေ၊ လမ်းမှာတွိငြား၊ လူအများက၊ အဆွေဖားပြုတ်၊ နီလွန်းလှပါ၊ ဇာကလာဟု၊ မိန်းခါကာလ၊ သူကြီးမြီတိုင်း၊ ကျေးကိုင်းရွာစား၊ အိမ်သို့လား၍၊ ကွမ်းစားရသည်၊ အိုမိတ်ဆွေဟု၊ ဖားပြုတ်ကေကဆိုလတ္တံ။ ။

(ဤတွင် ဖားပြုတ်ကေ၀တ္ထုဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိဆက်ပြောပါလီ။)

စုပေါင်းခြင်း၏ အင်အား








လူလား လူလာ

လူ့ခြီနင်း အောက်က

အရာမထင် မြက်ခြောက်ပင်ကို

စုပေါင်းလွန်းကျိတ် ကြိုးတစ်ခြွီဖြစ်က

တောရိုင်းမှာဟိမ့်

ဆင်ပြောင်ရိုင်းကိုလည်း

ဖမ်းဆီးတုတ်နှောင်နိုင်၏

တစ်ခါပြန်ထမြောက်ပါအရှင်


ရခိုင့် အောင်လံတော် တလူလူ ပျံဝဲခဲ့သည်
ပြည်ရခိုင်
ဝယ်
နိုးထခြင်းဖြင့်
တဖန်
ပေါ်ထွန်းလှည့်ပါ
ပြည့်အရှင်

ရခိုင့်အာဇနည် မင်းသားကြီးရွှေဘန်း ရတု


မင်းသားအမှန် ၊ ငါလျှင်ကြံက

နိုင်ငံရပ်စည် ၊တိုင်းပြည်အတွက်

ကိုယ့်အသက်ကို ၊ရက်စက်စွန့်ခွာ

ကုလားရွာ၌ ၊ခန္ဒာရုပ်ဟောင်း

ဘ၀ပြောင်းခဲ့ ၊ဖြစ်ကြောင်းသံသာ

သတ္တ၀ါတို့ မှန်စွာမချွတ်

သူမသတ်လည်း ၊မလွတ်တစ်ခါ

သေရာအံ့တည်း။

ကမ္ဘာမကြေ ၊သူတို့တွေလည်း

အတည်မစိုး ၊ငါမြေထိုးသော်

အရိုးတစ်ခါ ၊ တွန့်လိမ့်ရာ၏ ။

နောင်သား နောင်လူ ၊ ရခိုင်သူတို့

အယူမပြောင်း ၊ ငါ့လမ်းကြောင်းကို

ကောင်းကောင်းလိုက်နာ ၊တိုင်းဓညာကို

တစ်ခါမုချ ၊ငါတို့ရအံ့

လုံ့လရှေ့သန် ၊လူလျှင်ကြံက

နိဗ္ဒာန်မချွတ် ၊လက်ဝါးခတ်သည်

စွဲမှတ် ဤစာ သေတမ်းတည်း။

ဒိုးဝန်းကြီးအောင်ကျော်ရွှီရတု


“နောင်လာနောင်သား ၊ နောက်ထပ်ပါလည်း ၊

ဆရာသုံးလက် ရှေ့ကတက်၍ ၊ အသက်ခန္ဒာ လူတို့မှာကား၊

တစ်ခါတစ်ရံ အဖိုးတန်၏ ၊တစ်ခါတစ်ရံ ဆိုတုံပါလည်း ၊

သူသာလာလျက်ဖိနှိပ်စက်ကာ ၊အသက်တိုခါ ၊

တိုးမရာရှင့်(စိုးမရရှင့်) ၊ဓမ္မလမ်းမှန် ကျင့်ကြောင်းကြံလျက် ၊

တံစိုးကိုစား ၊လိမ်လည်ထားသော်၊

နောက်သားတစ်ဖန် ၊သည်းမခံနှင့် ၊

နိုင်ငံတကာဟူရာ၌ ၊ပညာနှင့်ဥာဏ် ၊

သင့်စွာဖန်၍ ၊တာဝန်မပျက်၊

သစ္စာရွက်လျက် ၊အသက်ကိုလှီး ၊

သွီးချောင်းစီးမှ အပြီးကြံ့ခိုင်၊

နိုင်ငံတိုင်းမြို့ ၊အစို့စို့နှင့် ကိုယ့်မြို့ကိုယ့်မြေ၊

ကိုယ့်ဌာနကို ရမည်မုချ ၊ဤလောကလည် ၊

အောက်ကျမခံချင်သောကြောင့်။”

မြို့သူကြီးအောင်ကျော်ဇံရတု


“ဥဒါန်းမကြေ ၊ ဖြစ်ရလေခြင်း၊

တိုင်းပြည်ကိုကြံ ၊ အောင်ကျော်ဇံမှာ၊

ကြံကာဖွေနှောက် ၊ တစ်ကျိတ်ခြောက်တို့၊

ယွင်းဖောက်သစ္စာ ၊ သူတို့မှာကား ၊

ဝမ်းစာစားကွက် ၊ တစ်ထပ်တွက်ကို ၊

တစ်သက်စာထင် ၊ ခွီးအမြင်ကြောင့် ၊

တိုင်းခွင်သာစည် ၊ ငါရို့ ပြည်လည်း ၊

သူပြည့်ဖြစ်ရ ၊ ၀မ်းနည်းစွာတည်း ၊

မိဘဆရာ ၊ ပေါရဏတို့ ၊

ဝေါဟာထုံးဟောင်း ၊ လူဘူးဒေါင်းကို ၊

မပေါင်းဖော်ရာ ၊ ဆိုတုံပါလည်း ၊

မေ့ကာသတိ ၊ ပေါင်းဖော်မိ၍ ၊

လက်ရှိဒုက္ခ ငါကြုံရ၏ ၊

ဘ၀တစ်ခောတ် ၊ လူပြန်ဖြစ်က ၊

အသစ်ပင် ကြံစည်ချင်သည် ၊

ဘယ်တွင်မမေ့နိုင်သောကြောင့်။”